ကျွန်တော်တို့အကြောင်း

အို ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်ကို အိုင်တီ သတင်းအချက်အလက်ဆိုင်ရာနှင့် ဈေးကွက်ဆိုင်ရာကဏ္ဍများတွင် ထူးချွန်ထက်မြက်သည့် လုပ်ငန်း အမှုဆောင် အုပ်စုတစ်စုက ပူးပေါင်းပြီး တည်ထောင်ခဲ့ပါသည်။

2013 ခုနှစ်တွင် MM Play

2017 ခုနှစ်တွင် O Mobile ကုမ္ပဏီ လီမိတက်ကို တည်ထောင်ခဲ့သည်။
2019 ခုနှစ်တွင် O Money ကုမ္ပဏီ လီမိတက်ကို တည်ထောင်ခဲ့သည်။
ကုမ္ပဏီသည် အွန်လိုင်းမီဒီယာ၊ တယ်လီကွန်မြူနီကေးရှင်းနှင့် ငွေကြေးရေးရာများနှင့်ပတ်သက်သော စီးပွားရေးကဏ္ဍများကို ဝန်ဆောင်မှုပေးပါသည်။ လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ်များအတွင်း ကုမ္ပဏီသည် ဖောက်သည်များအား အကောင်းဆုံး ကျေနပ်မှု ပေးနိုင်ရန်အတွက် ထိရောက်သော လုပ်ငန်း လည်ပတ်မှုများနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ခဲ့သည်။ နေ့စဉ် လုပ်ငန်းလည်ပတ်မှုများတွင် ခေတ်မီ နည်းပညာသစ်များကို အချိန်မီ အသုံးချနိုင်ခဲ့သည်။ ထို့ပြင် ပိုမိုထိရောက်သော လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲရေးအတွက် ကုမ္ပဏီသည် အဖြောင့်မတ်ဆုံး အရိုးသားဆုံးဖြင့် လုပ်ငန်း ရေရှည် တည်တံ့စေသော စီးပွားရေးလုပ်ငန်း ကျင့်ဝတ်များဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။ ကုမ္ပဏီသည် လူ့စွမ်းအား အရင်းအမြစ်များ စီမံခန့်ခွဲရေးတွင် ယင်းတို့၏ အသိ ပညာများ၊ ကျွမ်းကျင် ထက်မြက်မှုများနှင့် လိုက်လျောညီထွေသည့် ရာထူးနေရာနှင့် တာဝန်ဝတ္တရား ပေးအပ်ခြင်းနှင့်အတူ အစဉ်မပြတ် ရလဒ်များ ထုတ်ဖော်နိုင်ခဲ့သည်။ ဒါသည် ကုမ္ပဏီ ရှေ့ဆက်ပြီး အောင်မြင်တိုးတက်ရေးအတွက် အဓိကကျသော သော့ချက်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ထို့ပြင် လုပ်ငန်းလည်ပတ်မှုတွင် ပိုမိုထိရောက်ကောင်းမွန်စေရေး၊ တိုးတက်ပြောင်းလဲနေသော အခြေအနေများထဲတွင် ပြဿနာများကို အဆင်သင့် ထိထိမိမိ ဖြေရှင်းနိုင်စေရေး ရည်ရွက်ချက်များနှင့်အတူ ကုမ္ပဏီ၏ အထက်တန်း အရာထမ်းနှင့် အမှုထမ်းများ အားလုံးသည် ပိုမိုကောင်းမွန် ထိရောက်သော အရာများကို အဆက်မပြတ် သင်ယူလေ့လာမှုရှိသော အဖွဲ့အစည်း တစ်ခုဖြစ်စေရန်အတွက် လက်တွဲ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်။

တည်ထောင်သူများ

Nadol Tanyakorndilok

"Dream it.
Believe it.
Build it!"

Nuttapong Tungdajahirun

"Coming together is a beginning,
Keeping together is progress,
Winner together is success."

မျှော်မှန်းချက်

ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုအတွက် အာရှတိုက်တွင် အကောင်းဆုံး ချိတ်ဆက်မှုပလက်ဖောင်းကြီးတစ်ခုဖြစ်စေရန်။

ရည်မှန်းချက်

စွမ်းအားပြည့်ဝသော ချိတ်ဆက်မှုကွန်ယက် ဖြစ်စေရေး။
လူတိုင်း၊ နေရာတိုင်းတွင် ချိတ်ဆက်နိုင်စေရေး။